ချောင်းဆုံမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်း(၆၃)ဝိုင်း သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး

ချောင်းဆုံ ဧပြီ ၆

ကျေးလက်နေပြည်သူများအားလုံး ပညာရည်မြင့်မားရေးနှင့် ဗဟုသုတကြွယ်ဝရေးတို့အတွက် ရည်ရွယ်၍ သင်ကြားမှုသင်ယူမှုနည်းစနစ်များဖွံ့ဖြိုးတိုးတက်၍ ရပ်ရွာအတွင်းရှိ စာမတတ်သူ ကျောင်းမနေဘူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ကျေးရွာများတွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်အဆင့် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များသည် ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုခဲ့သည်။

ချောင်းဆုံမြို့နယ် စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များသည် စာသင်ကြားရာစာပေဌာန(စုရပ်)များ ဖြစ်သည့် ကညှော်(အ.ထ.က)၊ ကွမ်သဲ(အ.ထ.က)၊ ကမာကေး(အ.ထ.က)နှင့် နတ်မှော်(မူလွန်)ကျောင်းရှိ စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် စာသင်ဝိုင်း(၆၃)ဝိုင်း၊ စာသင်သား (၉၄၂) ဦးရှိပြီးနည်းပြဆရာ၊ ဆရာမ(၆၃) ဦးကြီးကြပ်ဆရာဆရာမ(၆)တို့က ဧပြီလ(၆) ရက်နေ့မှမေလ (၁၅)ရက်နေ့ထိ တစ်ရက်လျှင်စာသင်ချိန်( ၃ )နာရီဖြင့်ရက်ပေါင်း (၄၀) ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)