နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့်တိုင်း ရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းအဖြစ် စာသင်ဝိုင်း ဖွင့်လှစ်ပို့ချ

နတ်တလင်း ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူ များနှင့်တိုင်း ရင်းသားပြည်သူများစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းဖွင့်လှစ်၍ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ဧပြီလ ၆ ရက် နံနက်ပိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် စာသင်ဝိုင်း (၂၅) ဝိုင်းဖွင့်လှစ်၍ နည်းပြဆရာဆရာမ (၂၅)ဦးက အခြေခံ မြန်မာစာ၊ အခြေခံ ဂဏန်းသင်္ချာဘာသာ ရပ်တို့ကိုသင်ကြားပေးလျက်ရှိရာ ကျေးလက်နေပြည်သူများနှင့်တိုင်း ရင်းသားပြည်သူများ စုစုပေါင်း (၃၇၁)ဦး တက်ရောက်ခဲ့ကြောင်း၊ ဧပြီ ၆ ရက်မှ မေ ၁၅ ရက်နေထိရက်(၄၀)ကြာ နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီချိန်ထိ  သင်ကြား ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူး ထံမှသိရသည်။

အဆိုပါစာတတ်မြောက်ရေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးသောင်းနှင့် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)