အောင်မြေသာစံမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားကတ်ပြားများ ကွင်းဆင်း‌ဆောင်ရွက်ပေး

မန္တလေး ဧပြီ ၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေး၊ အောင်မြေသာစံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားကတ်ပြားများ ပြုလုပ်‌ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိုးဘို/ရွှေကျင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများ (၂၆)ဦးတို့ကို အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)