Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုဒုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Apr 07,2024
မွန်ပြည်နယ်၊ မုဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံစေပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က ဝက်တဲကျေးရွာရှိ ရွှေကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော (အလက်တန်း၊ အငယ်တန်း၊ မူလတန်း) သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ဝေါအခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ငရုပ်စိုက်တောင်သူများ ငရုပ်သီးခြောက်ထုတ်ရောင်းချိန် တစ်ပိဿာ ၆၅၀၀ ကျပ်ဖြင့် ရောင်းချနေရ
Apr 07,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငရုပ်သီးစိုက်ပျိုးတောင်သူများ ငရုပ်သီးအခြောက်ပြန်လည်ရောင်းချချိန် တစ်ပိဿာ ၆၅၀၀ ကျပ်ရောင်းချနေရပြီး ငရုပ်သီးခြောက်လှောင်ပွဲစားများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 07,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုနှင့်အောင်လက်မှတ်ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်
Apr 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြသင်တန်းကို ဧပြီ ၃ ရက်မှ ၅ ရက်အထိ ကျိုင်းတုံတက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတက်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 07,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတက်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက…
Apr 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များအားး Catch-Up ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်အလိုက်ဆေးထိုးစုရပ်များတွင် ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆဌမနေ့အဖြစ် ဆောင်ရွက်ပေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင်တွင် သင်္ကြန်ကာလ ပြည်သူများ စားအုန်းဆီအခက်အခဲမရှိစေရေး ဈေးနှုန်းချိုသာစွာဖြင့် စားအုန်ဆီများ ရောင်းချပေးလျက်ရှိ
Apr 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်းနေထိုင်ကြသော ပြည်သူများ သင်္ကြန်ကာလပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီ တင်သွင်းဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့်ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူ၍ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9218
Page
9219
Page
9220
Page
9221
Current page
9222
Page
9223
Page
9224
Page
9225
Page
9226
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department