အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ရွှေရောင်တော်ဘုရား၌ ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူပွဲတွင် သာသနာ့ဘောင်သွတ်သွင်းပြီး ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေလောင်းလျာတို့အား မြို့သစ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့သစ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် မြို့နယ်မှ တာဝန်ရှိသူများ အလှူရှင်မိသားစုများက အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများကို ယမန်နေ့နံနက်က လောင်းလှူခဲ့ကြသည်။  
Apr 09,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ဈေးချိုရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းသို့ မန္တလေးတိုင်းဒေသကြီး မိခင်နှင်က‌လေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အမရပူရခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါနှင့် ဒေါ်‌မေဝါကိုကိုအဖွဲ့သည် ယမန်နေ့နံနက် ၉နာရီအချိန်က ရောက်ရှိခဲ့ပြီး  သက်ကြီးရွယ်အိုအဘိုး/အဘွား (၁၅)ဦးတို့အား ကြက်ဥ၊ ငှက်ပျောသီးနှင့် ကွေကာအုပ်များ ထောက်ပံ့လှူဒါန်းခြင်း၊ ကိုယ်ဝန်ဆောင်မိခင်(၁၅)ဦးအား ကြက်ဥ၊ ဌက်ပျောသီးနှင့် ဆားများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Apr 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
Apr 09,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၅) ရက်နေ့အထိ (၁၂၆) ရက်တိုင်တိုင် ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၅ နာရီ အချိန်က ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအတွင်းရှိ သာသနဇောတိကဓမ္မာရုံတွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Apr 09,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရန်အတွက် ယမန်နေ့က ပင်လယ်ဆိပ်ကမ်းအနီးအနားရှိ ကတုံးပေါ်ကျေးရွာနေ ပြည်သူများထံ သောက်သုံးရေများကို သွားရောက်လှူဒါန်းဖြန့်ဝေပေးသည်။
Apr 09,2024
အမရပူရခရိုင်၊ အမရပူရမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းအတွင် ယမန်နေ့နံနက်၁၁နာရီက ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ဒုတိယအကြိမ်ထောက်ပံ့ပစ္စည်များပေးအပ်ပွဲကို ပြုလုပ်ခဲ့သည့်။
Apr 09,2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  မန္တလေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလအတွက် ခွဲတမ်းရရှိသည့် ယူရီးယား ဓာတ်မြေဩဇာများအား ဖြန့်ဖြူးပေးရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဧပြီလ (၈) ရက်နေ့ ညနေပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်နှင့် ကျောက်ဆည်ခရိုင်များမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။