Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေနံချောင်းမြို့၌ ရှင်သာမဏေများအား အရုဏ်ဆွမ်းလောင်းလှူခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပို့ချ
Apr 09,2024
မကွေးတိုင်းဒေသကြီး၊ တောင်းတွင်းကြီးမြို့ ဗိဿနိုးပျူမြို့တော်ဟောင်း ရွှေရောင်တော်ဘုရားအတွင်း ကျင်းပသည့် ရှင်းအပါး ၅၀၀၀ ရှင်ပြုအလှူပွဲမှ သာသနာ့ဘောင်အတွင်း သွတ်သွင်းပေးခဲ့ပြီး ရေနံချောင်းမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေ ၂၅၀ ပါးအား အရုဏ်ဆွမ်းလောင်းလှူခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပို့ချခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့၌ ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှင်အပါး (၅၀၀၀)ရှင်ပြုပွဲမှ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေများ မြို့တွင်းသို့ ဆွမ်းအလှူခံ ကြွရောက်
Apr 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့ နံနက်(၉)နာရီက ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀)ရှင်ပြုပွဲမှ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေ အပါး (၁၅၀)တို့သည် အမှတ်(၂)ရပ်ကွက်၊ ရွှေစည်းခုံစေတီတော်မှ ယာယီသီတင်းသုံးရာနေရာ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)သို့ ဒုတိယနေ့အဖြစ် ဆွမ်းအလှူခံ ကြွရောက်တော်မူကြရာ ဆွမ်းခံကြွရာ လမ်းတစ်လျှောက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် ချိုချဉ်ရသာအဖြာဖြာတို့ကို ဆပ်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကေ့ာကရိတ်မြို့နယ်အတွင်း၌ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြား
Apr 09,2024
ပညာရေးဝန်ကြီးဌာနမှ လူမှုဘဝမြင့်မားစေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ဧပြီလ (၆)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလီဘောအားကစားပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်းဒေသကြီး အမျိုးသမီးဘောလီဘောအသင်းအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ
Apr 09,2024
၂ဝ၂၃ -၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလီဘော အားကစားပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်းဒေသကြီး အမျိုး သမီးဘောလီဘောအားကစားအသင်းအား မန္တလေးတိုင်းဒေသကြီး ဘောလီဘောဆပ်ကော်မတီမှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနားကို ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၉×၃၀ လမ်းကြား၊ ၇၀×၇၁ လမ်းကြား၊ ဗထူးအားကစားကွင်း အတွင်းရှိ မန္တလးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့ညနေ (၅)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်ဝောာ်ရ ထနီးဆရာတော် ဘဒ္ဒန္တနန္ဒမာလာမထေရ်မြတ်ကြီး၏ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ
Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ထနီးကျေးရွာတွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ထနီး ဆရာတော် ဘဒ္ဒန္တနန္ဒမာလာမထေရ်မြတ်ကြီး၏ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဧပြီလ ၇ ရက်နေ့ မွန်းလွဲ (၁)နာရီက ထနီးကျေးရွာ ဘုရားကြီးကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် မဏ္ဍပ်ဆောက်လုပ်
Apr 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် ရေကစားမဏ္ဍပ်ကို မြို့ဂုဏ်ဆောင် စိမ်းလဲ့ကန်သာရေကန်ဘေးတွင် ယနေ့ နံနက်ပိုင်းက စတင်ဆောက်လုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 09,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၂၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မှု) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်အနားကို ယနေ့နံနက် ၈ နာရီအချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9192
Page
9193
Page
9194
Page
9195
Current page
9196
Page
9197
Page
9198
Page
9199
Page
9200
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department