ကလေးဝမြို့တွင် အခြေခံစာတတ်‌မြောက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

ကလေးဝ ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး အခြေခံစာတတ်‌မြောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား‌ပြောကြား၍ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးကျင်လျန်နန်က အခြေခံ စာတတ်‌မြောက်ရေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် အခြေခံစာတတ်မြောက်ရေးသင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား သင်တန်းသူများအား ဗလာစာအုပ်နှင့်ဘောပင်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များက အခြေခံစာတတ်‌မြောက်ရေးသင်တန်းဖွင့်လှစ်ပို့ချနေသော စာသင်ဝိုင်းများသို့ လှည့်လည်ကြည့်ရှုအား ပေးခဲ့‌ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)