ပုလော ဧပြီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို အခြေခံပန်းချီပညာရပ်မှစတင်၍ သက်မွေးဝမ်းကျောင်း ပညာရပ်အထိ လေ့လာသင်ယူနိုင်သည့် ပညာရပ်တစ်ခုဖြစ်ကြောင်းနှင့်နွေရာသီ ကျောင်းပိတ် ကာလအတွင်း ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ကျောင်းသား၊ကျောင်းသူ ၄၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ၃ ရက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော)