ကန်ကြီးထောင့်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

ကန်ကြီးထောင့် ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လောကမှန်ကူ သိဒ္ဓိရှင်ဆု တောင်းပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကာလျက်ရှိပြီး ဘုရားဖူးပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဖြစ်သည့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများ အား ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ လောကမှန်ကူသိဒ္ဓိရှင်ဆု တောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးမိဘပြည်သူများအနေဖြင့် ဇီဝဆိုင်ရာအချက်အလက်များ  ကောက် ယူထားခြင်းမရှိသေးပါက အလွယ်တကူကောက်ယူသွားနိုင်ရေးအတွက် ယခုကဲသို့ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းနှင့် ပတ်သက် သည့် အကြောင်းအရာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)