ပေါက်ခေါင်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပေါက်ခေါင်း ဧပြီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားထားသည့် " မြန်မာပြည်သား "  စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်းပြောကြားပြီး၊  စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားထားသည့် "   မြန်မာပြည်သား  " စာအုပ်မှ  ရှေးမြန်မာတို့၏ ဓလေ့ထုံးတမ်းများ၊  နေထိုင်စားသောက်ကြပုံ၊ စကားအသုံးအနှုန်း အပြောအဆိုနှင့်ဆက်ဆံ‌ ပေါင်းသင်းကြပုံနှင့် စိတ်နေစိတ်ထားများကို အထောက်အထားခိုင်လုံစွာဖြင့် အကျိုးအကြောင်းဆက်စပ် ဖော်ပြခဲ့သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း၊ မိမိကိုရန်စရန်ပြုလာခဲ့ရင် မဖက်ပြိုင်ဝံ့ရင်ငြိမ်နေရမလား၊ ဒါမှမဟုတ် တုံ့ပြန်နည်းနှစ်မျိုးဖြစ်တဲ့အဖြူတုံ့နဲ့အနက်တုံ့ ကြိုက်ရာနည်းနဲ့ တုံ့ပြန်မလား၊ အဖြူတုံ့နဲ့တုံ့ပြန်ရင်ဘယ်လိုတုံ့ပြန်မယ်၊ အနက်တုံ့နဲ့တုံ့ပြန်ရင် တော်တော်မှောင်သောသူ၊ တော်တော်မဲသောသူ၊ တော်တော်မိုက်မဲသော အမှောင်၊ အမဲ၊ အမိုက်ဆိုပြီး သုံးမျိုးခွဲခြားထားပြီး တုံ့ပြန်နည်းများကို ရေးသားထားသည့် ဝတ္ထုဖြစ်ရာ မိမိကိုရန်စရန်ပြုလာရ င်ဘယ်လိုနည်းနဲ့ တုံ့ပြန်ရင်ကောင်းမလဲဆိုတာကို ခွဲခြားသိမြင်နိုင်သည့် စာအုပ်ဖြစ်ကြောင်းကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်၊(Book Club)၊Book Club အဖွဲ့ဝင် ဦးတင်ဝင်း၊ အဖွဲ့ဝင် ဦးဝင်နိုင်၊ Youth Club အဖွဲ့ဝင် မောင်ဇေယျာလင်းတို့က အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ရာ၊(Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)နှင့် စာပေချစ်သူလူငယ်များတက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)