လိပ်သိုမြို့၌ ဝါးနှင့်သဲ့ပြားများ ပြန်လည်အသုံးပြုမှု တိုးပွားလာ

လိပ်သို ဧပြီ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် လွန်ခဲ့သောနှစ်ကာလများက ကျေးရွာကြီးအဆင့်သာရှိခဲ့ရာ လူနေအိမ်များနှင့် အခြားလိုအပ်သော အဆောက်အဦငယ်များကို ဒေသထွက်သစ်ဝါးများဖြင့်သာ အဓိကတည်ဆောက်နေထိုင် အသုံးပြု ခဲ့ကြရာမှ (၂၀၀၈) ခုနှစ် ဇန်နဝါရီလတွင် မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီးနောက် လူနေအိမ်နှင့် အခြားလိုအပ်သော အဆောက်အအုံများကို ဆောက်လုပ်ရာတွင် သွပ်မိုး၊ အုပ်ညှပ်များဖြင့် ပြောင်းလဲတည်ဆောက်လာခဲ့ကြပြီး သစ်ဝါးများ အသုံးပြုမှုနည်းပါးခဲ့ကြောင်း သိရသည်။

ယခုကာလတွင် သစ်များရှားပါးလာခြင်း၊ သွပ်၊ အုတ်၊ သဲ၊ ကျောက်ဈေးနှုန်းများပါ မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ဒေသနေပြည်သူများမှာ ဝါးအမျိုးစုံကို ပြန်လည်အသုံးပြုလာကြကြောင်း သိရသည်။

ဝါးများကို တိုင်၊ အမိုး၊ အကာ၊ အခင်းအမျိုးမျိုး အသုံးပြုနိုင်ခြင်းတို့ကြောင့် ပြန်လည်အသုံးပြုသူများ တိုးပွားလာကာ ဝါးခုတ်ရောင်းချသူ၊ အခင်းအကာအတွက် သဲ့ပြားပေါက် ရောင်းချသူများ အဆင်ပြေလျက်ရှိပြီး ဝါးအမျိုးအစားအပေါ် မူတည်၍ ဝါးတစ်လုံးကို (၃၀၀ဝိ/-) ကျပ်မှ (၄၀၀ဝိ/-) ကျပ်၊ သဲ့ပြားတစ်ပေကို လက်ရာသေသပ်ခိုင်ခံ့မှုပေါ်မူတည်၍ (၅၀ဝိ/-) ကျပ်မှ (၁၀၀ဝိ/-) ကျပ်အထိ ဈေးနှုန်းများ သတ်မှတ်ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)