ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲကျင်းပ

စစ်ကိုင်း ဧပြီ ၉

စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ လူမှုဝန်ထမ်းရုံးအောက်ရှိ မျက်မမြင်ကျောင်း(စစ်ကိုင်း)၊ မူလတန်းကြိုကျောင်း (စစ်ကိုင်း) တို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာရှင်းလင်းပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက မျက်မမြင်ကျောင်း (စစ်ကိုင်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှင်းလင်းပွဲတွင် စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဝါဒ ဖြန့်ချိမှုများကြောင့် ပြည်သူများထင်ယောင်ထင်မှား မဖြစ်စေရန် မိမိတို့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ဒေသအတွင်းရှိ ပြည်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ အသိပေး ရှင်းလင်းပေးသွားရမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ဦးစီးမှူးက “ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ”၊ “ပြည်သူ့စစ်မှုထမ်းရန် ကာလ”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်၍ စုံးစမ်းမေးမြန်းနိုင်ကြောင်း”၊ “အမျိုးသားရေးတာဝန်”၊ စိုးရိမ်ရန်မလိုသည့်အချက်များ”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ် ချက်”၊ “ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ”၊ “ဘာကြောင့်ပြည်သူ့ စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ”၊ “ကင်းလွတ်ခွင့်၊ လျှော့ပေ့ါခွင့်နှင့် ရွှေ့ဆိုင်းခွင့်များ” (ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်) မှ ဖြစ်ရမယ့်တာဝန်တို့အား အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်