ရွှေဘိုခရိုင်အတွင်းရှိမြို့(၅)နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း(၃၀) ဖွင့်လှစ်သင်ကြားပေး

ရွှေဘို ဧပြီ  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ကျောက်မြောင်းမြို့များတွင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေသူများ ပညာရေးနှင့် ရင်နှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရေးအတွက် ဧပြီလ(၆)ရက်နေ့မှစတင်ကာ  စာသင်ဝိုင်း (၃၀)ဝိုင်း ဖွင့်လှစ်ကာ စာသင်သား(၅၅၆)ဦးတို့အား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စာသင်ဝိုင်းများ စတင်ဖွင့်လှစ်သင်ကြားရာသို့ခရိုင်/ မြို့နယ်အဆင့် စာတတ်မြောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သင်ထောက်ကူပစ္စည်းများ၊ စားသေယက်ဖွယ်ရာများပေးအပ်ကာလိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အခြေခံစာစဉ်များ သင်နည်းလမ်းညွန်၂၀၂၄ ခုနှစ်မှအခြေခံ(သင်္ချာ) အခြေခံ (မြန်မာစာ)စသည်များသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဘိုမြို့ခရိုင်အတွင်းရှိ အဆိုပါစာသင်ဝိုင်းများကို ဧပြီလ(၆)ရက်နေ့မှ မေလ(၈)ရက်နေ့အထိ ရက်ပေါင်း (၄၀)ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး နည်းပြဆရာ/ဆရာမ (၅၅ )ဦး၊ ကြီးကြပ်ဆရာမ( ၁၂ )ဦးတို့က သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)