တံတားဦး ဧပြီ ၉
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်များ ဖွင့်လှစ်ထားရှိမှုနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက တံတားဦးမြို့ တောကျောင်း အနောက်တိုက် ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပတ်သက်ပြီး တံတားဦးမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်ပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်နှင့်အညီ ပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ရာ အခြေခံစာတတ်မြောက်ရေးသင်တန်းကို ၂၀၂၄-ခုနှစ် ဧပြီလ(၆) ရက်နေ့မှ ၂၀၂၄-ခုနှစ် မတ်လ(၁၅)ရက်နေ့အထိ အခြေခံအရေး၊ အဖတ်၊ အတွက်တို့အပြင် လူမှုဘဝ လေ့လာရေးများကို တစ်နေ့လျှင် (၃) နာရီဖြင့် ရက်ပေါင်း (၄၀) သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။
တံတားဦးမြို့နယ် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်ထားရှိမှုကို တံတားဦခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်မျာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များက တံတားဦးခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာသင်သားများအား စာသင်ဝိုင်းတွင် လိုအပ်မည့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ပြီး သင်ကြားပြသမှုများကို အားပေးကြည့်ရှုကြသည်။
တံတားဦးမြို့နယ် အမှတ်(၁)ရပ်ကွက် တောကျောင်းအနောက်တိုက်ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၂) ရပ်ကွက် သမိုင်းဝင်မဟာမင်္ဂလာစေတီ ဘုရားဝန်းတွင်းရှိ ဓမ္မာရုံနှင့် ဂွေးကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတို့ရှိ စာသင်ဝိုင်းများအား လိုက်လံကြည့်ရှုအားပေးကြပြီး စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)