Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နာဂဒေသ လဟယ်မြို့ အခြေခံစာတတ်မြောက်ရေးသင်ကြားနေမှု ကြည့်ရှုအားပေး
Apr 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ ခြေခံစာတတ်မြောက်ရေး သင်တန်းကို ဧပြီလ (၈)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသင်ကြားနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များသည် ယမန်နေ့ ညနေပိုင်းက လဟယ်မြို့အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လေးကြောင်းမျဉ်းစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် ဒေးဒရဲမြို့နယ် ဗိုလ်ချုပ်လမ်းမနှင့် ပြည်တော်သာလမ်းထောင့်တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Apr 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက ကျန်းမာရေးနှင့် ညီညွတ်သောလူနေမှုပုံစံဖြင့် နေထိုင်၊ ပြုမူ၊ စားသောက်နည်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကျောင်းခန်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ မြို့မဈေးကြီးတွင် သင်္ကြန်အတာအိုးများ အရောင်းအဝယ်ကောင်းနေ
Apr 12,2024
နတ်မောက်မြို့ မြို့မဈေးကြီးတွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလတွင် အသုံးပြုရန် ရောင်းချသည့် အတာအိုးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီး အသစ်ပြန်လည်ပြုပြင်ခြင်း ရာနှုန်းပြည့်ပြီးစီး
Apr 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား အသစ်ပြန်လည် ပြုပြင်တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ ယခုအခါ စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံမှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ဧပြီလ ၉ ရက်က သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့ မြတောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
Apr 12,2024
ဧပြီလ ၁၀ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က အမှတ် ၁၀ ရပ်ကွက်မြတောင် ၉ လမ်းရှိ ဦးကျော်စိုးမိုးပိုင်ဆိုင်သော (၄)ထပ်တိုက်၏ အစောင့်တာဝန်ထမ်းဆောင်နေသူ နေထိုင်သည့် (၄)ထပ်တိုက်နှင့် ကပ်လျက်အနောက်ဘက်နေအိမ်တွင် နေထိုင်သူ ဦးနိုင်ကောင်း၏ (၂၀×၃၀×၁၀) ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ် မီးလောင်နေကြောင်း ပြည်သူတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ခဲ့သဖြင့် ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့ ဦးဆောင်၍ မီးသတ်ယာဥ်(၅)စီး၊ ရေသယ်ယာဥ်(၃)စီး၊ စက်မှုဇုန်အရန်မီးသတ်စခန်းမှ ရေသယ်ယာဥ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၂+၂၅)ဦး၊ ရဲတပ်ဖွဲ့ဝင်(၄+၁၆)ဦး၊ တပ်မတော်သား (၄+၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၁၅)ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၅၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေး
Apr 12,2024
ကော့ကရိတ်မြို့ နှစ်ဘူးနှစ်ခြားကျေးရွာရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းနှင့် နဘူးတောရကျောင်း၌ ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူများကို ဧပြီလ ၂ရက် နေ့မှ စတင်၍ World Food Programe (WFP) အဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9153
Page
9154
Page
9155
Page
9156
Current page
9157
Page
9158
Page
9159
Page
9160
Page
9161
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department