အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2024
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ  အဆိုပါ အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ ကျပ် ၅၉၀၀ သန်းတန်ဖိုးရှိ ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် လူနေဆိုင်ခန်းနှင့် ဟိုက်ပါမားကတ် တည်ဆောက်ငှားရမ်းခြင်းလုပ်ငန်းကို အတည်ပြုမိန့်ထုတ်ပေးရန် ခွင့်ပြုပေးခဲ့သည်။
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် (၁၃၈၅) ခုနှစ်၊ သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာလှူဒါန်းသည့်မဏ္ဍပ်များ၊ ဗဟိုမဏ္ဍပ်ဖျော်ဖြေပွဲများဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မဟာဗန္ဓုလ(၁၃)လမ်းထိပ်နှင့် မင်းလမ်းမကြီးပေါ်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Apr 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီက ဆီထွက်သီးနှံများ လျာထား ချက်ထက် အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်ရေးအတွက် အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိသော ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုံများ ဇုံအလိုက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ် မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဥဩ(ချယ်ရီမြေ) ရေးသားသည့် မျဉ်းတစ်ကြောင်းပေါ်မှာ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
Apr 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီခွဲက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချယ်ရီနိုင်လွင်နှင့် အသင်းဝင်များသည့် ယမန်နေ့ နံနက် (၁၀) နာရီက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ကလေး(၃)မွှာ မွေးဖွားပြီး ဆေးဝါးကုသမှု ခံယူနေသည့် မိခင်အား အာဟာမုန့်များ၊ ကလေးအသုံးအဆောင်များနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Apr 12,2024
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်း ဖွဲ့စည်းထားသော ပြည့်စုံချမ်းသာ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေး နှင့် လစ်လပ်နေသော အမှုဆောင်(၁)ဦး ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။