ရွှေဘိုမြို့ မြတောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ရွှေဘို ဧပြီ ၁၂

ဧပြီလ ၁၀ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က အမှတ် ၁၀ ရပ်ကွက်မြတောင် ၉ လမ်းရှိ ဦးကျော်စိုးမိုးပိုင်ဆိုင်သော (၄)ထပ်တိုက်၏ အစောင့်တာဝန်ထမ်းဆောင်နေသူ နေထိုင်သည့် (၄)ထပ်တိုက်နှင့် ကပ်လျက်အနောက်ဘက်နေအိမ်တွင် နေထိုင်သူ ဦးနိုင်ကောင်း၏ (၂၀×၃၀×၁၀) ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ် မီးလောင်နေကြောင်း ပြည်သူတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ခဲ့သဖြင့် ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့ ဦးဆောင်၍ မီးသတ်ယာဥ်(၅)စီး၊ ရေသယ်ယာဥ်(၃)စီး၊ စက်မှုဇုန်အရန်မီးသတ်စခန်းမှ ရေသယ်ယာဥ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၂+၂၅)ဦး၊ ရဲတပ်ဖွဲ့ဝင်(၄+၁၆)ဦး၊ တပ်မတော်သား (၄+၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၁၅)ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၅၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဦး--------- ၏ (၄) ထပ်အနောက်ဖက်နေအိမ်၏ လျှပ်စစ်မိန်းခလုတ်ခုံမှ ပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ဦး--------- ၏ (၂၀× ၃၀ ×၁၀) ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်တစ်လုံး၊ မ--------- ၏ နေအိမ် (၂၇×၂၀×၁၀) ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ်တစ်လုံး၊ ဒေါ်----------၏ နေအိမ် (၂၀×၂၀×၁၀)ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ်တစ်လုံး၊ ဦး----------၏ နေအိမ်(၂၀×၂၀×၁၀)ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက် လူနေအိမ်တစ်လုံး၊ မ---------၏ နေအိမ် (၃၀×၃၀×၁၀)ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ် တစ်လုံး၊ ဦး---------- ၏ (၃၀×၃၀×၁၀)ပေသွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်းလူနေအိမ်တစ်လုံး၊ ဦး---------၏ (၃၀×၂၀×၁၂) ပေသွပ်မိုးထရံကာ၊ အုတ်ခင်းလူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆသူ ဦး-------- သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ရွှေဘိုမြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)