ခမောက်ကြီး ဧပြီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက ကျန်းမာရေးနှင့် ညီညွတ်သောလူနေမှုပုံစံဖြင့် နေထိုင်၊ ပြုမူ၊ စားသောက်နည်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကျောင်းခန်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်ခက်ခက် ဦးဆောင် ၍ ခမောက်ကြီးမြို့ ပြည်သူ့ဆေးရုံမှ ဆရာမကြီး ဒေါ်နီလာသောင်းနှင့် ဆရာ၊ဆရာမများက ကျန်းမာရေးနှင့် ညီညွတ်သောလူနေမှုပုံစံဖြင့် နေထိုင်၊ ပြုမူ၊ စားသောက်နည်း ကျန်းမာရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများ ကြိုတင်ကာကွယ်ကုသရမည့် နည်းလမ်းများအကြောင်း ဟောပြောပြီး အစာစားပြီးတိုင်းနှင့် အညစ်အကြေးများ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို စနစ်တကျ ဆေးတတ်ကြရန်အတွက် လက်ဆေးနည်း အဆင့်ဆင့်ကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန် /ဆက်)