ကော့ကရိတ်မြို့ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေး ​

ကော့ကရိတ် ဧပြီ ၁၂

ကော့ကရိတ်မြို့ နှစ်ဘူးနှစ်ခြားကျေးရွာရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းနှင့် နဘူးတောရကျောင်း၌ ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူများကို ဧပြီလ ၂ရက် နေ့မှ စတင်၍  World Food Programe (WFP) အဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် World Food Programme (WFP) အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါ်နန်းစံအေးနှင့် အဖွဲ့များက နဘူးနှစ်ခြားကျေးရွာ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင်  ယာယီနေထိုင်လျက်ရှိသည့် သရက်တော၊ ခနိမ်းဖော်၊ ထီဖိုးဇံ၊ နောင်တပွဲ၊ နောင်ထပ္ပံ၊ နဘူးနှစ်ခြားကျေးရွာများမှ အိမ်ထောင်စု (၈၀၆)စု၊ လူဦးရေ (၃၁၇၃)ဦးအတွက် ဧပြီလနှင့် မေလ ၂ လစာ  လူတစ်ဦးလျှင် ဆန်(၂၇) ကီလို၊ ပဲ(၃.၆)ကီလို၊ ဆီ(၁.၈)ကီလို၊ ဆား (၀.၃)ကီလိုဖြင့် စုစုပေါင်း ဆန်(၈၄.၆၉၉)တန်၊ ပဲ (၁၁.၂၉၃)တန်၊ ဆီ(၅.၆၄၇)တန်၊ ဆား (၀.၉၄၂)တန်၊ အာဟာရမှုန့်(၁.၆၅)တန်နှင့်  နဘူးတောရကျောင်းတွင် ကျုံဘိုင်း ၊ထီကလေး၊ အင်းရှည်၊မြပတိုင် ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၃၈၅)စု၊ လူဦးရေ (၁၅၉၈) ဦးအတွက် ဆန်(၄၃.၁၄၆)တန်၊ ပဲ(၅.၇၅၃)တန် ၊ဆီ(၂.၈၇၆)တန်၊ ဆား(၀.၄၇၉)တန်၊အာဟာရ မှုန့် (၀.၈၃၄) တန်ရှိ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကော့ကရိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးရွာများတွင် တိုက်ပွဲ‌ရှောင် ကျန်ရှိ‌နေသည့် ပြည်သူများကိုလည်း ဆက်လက်‌‌ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)