ဒေးဒရဲမြို့၌ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်

ဒေးဒရဲ ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် ဒေးဒရဲမြို့နယ် ဗိုလ်ချုပ်လမ်းမနှင့် ပြည်တော်သာလမ်းထောင့်တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရေး ဟို မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဆောက်လုပ်လျက်ရှိပြီး ရေကစားမဏ္ဍပ်တွင် ဌာန ဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများမှ ယိမ်းအကများဖြင့် ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူးပေါင်း၍ သက်ကြီးပူဇော်ပွဲအား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း