အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် ဦးစီးကော်မတီတို့တွင်ပါဝင်သော ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများပူးပေါင်းမှုဖြင့် ဗဟိုမဏ္ဍပ်ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ စေတုတ္တရာမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့ မြို့လမ်းမတော်လမ်းတွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
Apr 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန့်မာရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ဟောင်ကြန့်အုပ်စု၊ ခိုကဲကျေးရွာရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 12,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၉ နာရီခွဲက ကျင်းပသည်။
Apr 12,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နေမိန္ဓရကုန်းတော်ပေါ်၌ တည်ထားလျက်ရှိသော အောင်တော်မူစေတီတော်ကြီးအတွက် ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ စုပေါင်း၍ အလှူတော်ငွေများ ဆက်ကပ်ခြင်းအား ယမန်နေ့ မွန်းလွဲညနေပိုင်းက ကိုင်းကုန်းပရိယတ္တိစာသင်တိုက်၌ လှူဒါန်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Apr 12,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
Apr 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို နည်းပြဆရာ/ဆရာမ(၂၄)ဦး အဆင့်မြင့် ကျောင်းသား (၂)ဦး၊ ကြီးကြပ်သူ(၄)ဦး စုစုပေါင်း (၃၀)ဦးတို့က ယနေ့ နံနက်ပိုင်းမှစတင်၍ ကျေးရွာ(၂၄)ရွာတွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြာပေးလျက်ရှိကြောင်း သိရသည်။