အိမ်မဲမြို့နယ် Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

အိမ်မဲ ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့် စာရိတ္တ ခေါင်းစဥ် အားကစားနှင့်ကာယပညာဦးစီးဌာန မှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုး အကြောင်းတို့ကိုအကျယ်တဝင့်ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ သုတ၊ ရသစာအုပ်စာစောင်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှု့ခဲ့သည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ဖြင့်ပူးပေါင်း၍ လစဥ် ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်များရှိသည့် စာသင်ခန်းများအရောက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို စဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)