အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2024
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ  ဘာသာရေးအဆောက်အအုံနှင့် ဆွေမျိုးများနေအိမ်သို့  ယာယီပြောင်းရွှေ့နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများကို ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၅၁) ရပ်ကွက်၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်‌ရေးကတ်များ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
Apr 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမရှေ့၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Apr 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးတွင် မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပုဇွန်တောင်မြို့နယ် မိသားစုရိုးရာရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းကို ဧပြီ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
Apr 12,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီပါအဖွဲ့ဝင်များမှ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။