Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သံတောင်ကြီးမြို့တွင် (၂၉)ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ
Apr 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် နော်ဘူဘောဆုတောင်းတောင် ကော်မတီများမှ ဦးဆောင်၍ (၂၉) ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဘော်လီဘော ပြိုင်ပွဲကို ယမန်နေ့ နေ့လည် (၃) နာရီအချိန်က သံတောင်ကြီးမြို့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Apr 12,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် (၃) အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ကင်ဆားရာရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝင်းအတွင်း ဧပြီလ ၉ ရက်နေ့ နံနက် (၁၀) နာရီက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ နွေနှမ်း ၉၄၂ ဧကနှင့် နွေစပါး ၁၂၇၁ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်များထက် ပိုမိုစိုက်ပျိုးနိုင်
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်နှင့် ဆည်ငယ်၊ ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၇၆၉ ဧက လျာထားခဲ့ရာ ယနေ့ထိ နွေနှမ်း ၉၄၂ ဧကနှင့် နွေစပါးစိုက်ပျိုးရန် ဧက ၅၀၀ လျာထားခဲ့ရာ ၁၂၇၁ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်များထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Apr 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/သားများ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင်းတွင် ဧပြီလ (၆) ရက်မှ စတင်၍ အားကစားနည်း (၄) မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်တွင် အပူရှိန်မြင့်မား၍ အပူဒဏ်ကာကွယ်ပစ္စည်းများ ရောင်းအားကောင်း
Apr 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာနိုင်ငံအပူဆုံးလများဖြစ်သည့် ဧပြီ၊ မေလများ ယခုနှစ် နွေရာသီတွင် အပူရှိန်မြင့်မား၍ ရေပြတ်လပ်မှုများနှင့် အခြားကျန်းမာရေးဆိုင်ရာများလည်း ကြုံတွေ့ခဲ့ကြရာ အပူဒဏ်ကို အကြောင်းအမျိုးမျိုးဖြင့် ကာကွယ်ခဲ့ပြီး နှီးချောဖျာ၊ ဝါးချောဖျာ၊ သင်ဖြူးဖျာများ အစားထိုးသုံးစွဲလာကြပြီး အပြင်ထွက်သည့်အခါ လူကြီးကလေး အပူဒဏ်ကာကွယ်နိုင်စေရန် ထီး၊ ဝါးကပ်ဦးထုပ်၊ ကြိမ်ဦးထုပ်၊ ဂျုံရိုးဦးထုပ်၊ ချည်ဦးထုပ်များ ရောင်းအားကောင်းလျက်ရှိကြောင်း စျေးရောင်းသူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် (ဒုတိယ)အကြိမ်အဖြစ် ဖွင့်လှစ်သည့် မဟာသင်္ကြန်ကာလ မဟာစည်ဝိပဿနာ အထူးတရားစခန်းဖွင့်ပွဲ ကျင်းပ
Apr 12,2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စိတ်အေး ချမ်းသာစွာ ကုသိုလ်ကောင်းမှုပြုနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အထိ ၈ ရက်ကြာဖွင့်လှစ်သွားမည့် (ဒုတိယ)အကြိမ် မဟာသင်္ကြန်ကာလ မဟာစည် ဝိပဿနာအထူးတရားစခန်းကို ယမန်နေ့နံနက် (၉) နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးရှိ ရွှေမိုးတောင်သာသနာ့ရိပ်သာ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် 191 Sticker များ ကပ်ခြင်းဆောင်ရွက်
Apr 12,2024
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့တွင် အလွန်ပူပြင်းသော နွေရာသီ အချိန်အခါဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကလိန်အောင်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ် စည်ပင်သာယာစျေး၌ နှစ်သစ်အကြိုအတာသင်္ကြန်အိုးများ ရောင်းအားသွက်
Apr 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စည်ပင်သာယာစျေးအတွင်း မြန်မာသက္ကရာဇ် ၁၃၈၅−၁၃၈၆ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ကာလအတွင်း မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း နှစ်သစ်အကြိုအတာသင်္ကြန်အိုးများ ရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9157
Page
9158
Page
9159
Page
9160
Current page
9161
Page
9162
Page
9163
Page
9164
Page
9165
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department