နာဂဒေသ လဟယ်မြို့ အခြေခံစာတတ်မြောက်ရေးသင်ကြားနေမှု ကြည့်ရှုအားပေး

လဟယ် ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ ခြေခံစာတတ်မြောက်ရေး သင်တန်းကို ဧပြီလ (၈)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသင်ကြားနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များသည် ယမန်နေ့ ညနေပိုင်းက လဟယ်မြို့အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး  လေးကြောင်းမျဉ်းစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို လဟယ်မြို့နယ်တွင် ရပ်ကွက်(၄)ခု ကျေးရွာအုပ်စု(၈)ခုမှာ စာသင်သားပေါင်း(၁၃၅၉)ဦးကို စာသင်စခန်း ပေါင်း(၈၇)ခု၊ နည်းပြ(၈၇)ဦး ကြီးကြပ်(၁၂)ဦးတို့ဖြင့် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)