ဝါးခယ်မမြို့နယ် မီသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ရေများ (အခမဲ့) လှူဒါန်း

ဝါးခယ်မ ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ ရေများ(အခမဲ့) လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ရှိ အချို့နေအိမ်များမှ သုံးရေများသုံးစွဲရန် အခက်အခဲရှိသည့် အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးတိုးနိုင်ဦး ဦးဆောင်သော မီသတ်တပ်ဖွဲ့ဝင်များက ဝါးခယ်မမြို့ပေါ်ရပ်ကွက်ရှိ ရေသုံးစွဲရန်အခက်အခဲရှိသည့် နေအိမ်များသို့ ရေဂါလံ (၂၄၀၀) အခမဲ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)