တမူး ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများသို့ တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါစာသင်ဝိုင်များသို့ လိုက်လံကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ စာတတ်မြောက်ရေးတွင် သင်ကြားပေးနေသော ဆရာ/ဆရာမများနှင့် စာတတ်မြောက်ရေး တက်ရောက်နေကြသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်တွင် စာသင်ဝိုင်း (၇) နည်းပြ(၇)ဦး၊ ကြီးကြပ် (၁)ဦး စာသင်သား (၁၃၂)ဦးတို့ဖြင့် ဧပြီလ(၈)ရက်နေ့မှစတင်၍ နေ့စဥ် နံနက်(၈)နာရီမှ (၁၂)နာရီထိ အခြေခံမြန်မာစာ၊ အခြေခံသင်္ချာစာတို့ကို သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။
ရတနာ