ရေနံချောင်းမြို့နယ်၌ အလှူပွဲ၊ မင်္ဂလာပွဲများတွင် အသုံးပြုသည့် စက္ကူယပ်တောင် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ရေနံချောင်း ဧပြီ ၁၂

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်၍ မိသားစုဝင်ငွေရရှိစေရန်အတွက် အလှူပွဲ၊ မင်္ဂလာပွဲများတွင် အသုံးပြုသည့် စက္ကူယပ်တောင်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က စက္ကူယပ်တောင်လုပ်ငန်းသည် အရင်းအနှီးနည်းပြီး မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်သည့်လုပ်ငန်းဖြစ်ပြီး အလှူပွဲ၊ မင်္ဂလာပွဲများနှင့် သာရေးနာရေးပွဲများတွင် အသုံးများသည့်အတွက် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ စက္ကူယပ်တောင်ပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မိသားစုတစ်နိုင်တစ်ပိုင် စက္ကူယပ်တောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဝါး၊ ရောင်စုံစက္ကူများဖြင့် ယပ်တောင်ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသရာ သင်တန်းသား သင်တန်းသူများက စိတ်ဝင်တစ်စားလိုက်ပါလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်