Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်တော်အသင်းတော်မှ အမျိုးသမီးများအသင်းက ဂျပ်ခုတ်သင်တန်းဖွင့်လှစ်
Apr 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဇိုင်ယာန်းနှစ်တော်အသင်းတော်မှ အမျိုးသမီးများအသင်းက ဦးဆောင်၍ အမျိုးသမီးများအလုပ် အကိုင်အခွင့်အလမ်းရရှိရေး အမျိုးသမီးများဘဝမြင့်တင်ရေးနှင့် တစ်ပိုင် တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဂျပ်ခုတ်သင်တန်းအား ယနေ့နံနက်(၉)နာရီအချိန် ကဇိုင်းယာန်းနှစ်ခြင်း အသင်းတော်အိမ်တွင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်
Apr 12,2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တောင်ငူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများကို ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 12,2024
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်းများ တက်ရောက်ကြသည်။ ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်၊ ပဓာနနာယက၊ ပထမပြန်စာမေးပွဲကြီးကြပ်ရေး ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကျောင်းသားလူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်
Apr 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ကျောင်းသူများ ကျောင်းပိတ်ချိန်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးတွင် ပြိုင်ပွဲများဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုတရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု
Apr 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုမှ တရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့ကြသည့် မြိတ်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့မရဲတပ်ဖွဲ့စခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်(၁၀)နာရီက ပုလဲရတနာခန်းမတွင် ဂုဏ်ပြု ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုတရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု
Apr 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုမှ တရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့ကြသည့် မြိတ်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့မရဲတပ်ဖွဲ့စခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်(၁၀)နာရီက ပုလဲရတနာခန်းမတွင် ဂုဏ်ပြု ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့၌ အခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Apr 12,2024
လူငယ်လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချခြင်း၊ ကျန်းမာကြံ့ခိုင်၍ အသိဉာဏ်ပညာ တိုးပွားစေသော အနာဂတ်လူငယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ အချိန်က ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာအင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဧပြီလ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျရောက်မည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်အား မအူပင်မြို့ တိုးရွှေဝါခန်းမရှေ့ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9147
Page
9148
Page
9149
Page
9150
Current page
9151
Page
9152
Page
9153
Page
9154
Page
9155
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department