ပဲခူး ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အနှစ်သာရများ ပပျောက်မှုမရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်း စောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာ ဓလေ့ထုံးတမ်းများနှင့်အညီ နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သင်္ကြန်အကြတ်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွှေတောင်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ သာယာဝတီမြို့နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ကဝမြို့နယ်၊ ဖြူးမြို့နယ်၊ တောင်ငူမြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့တွင် ရေကစားသူများ၊ စတုဒိသာ ကျွေးမွေးသူများဖြင့် စည်ကားလျက် ရှိပြီး ဗဟိုမဏ္ဍပ်များ၌ ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များက အလှည့်ကျ ဖျော်ဖြေပေး လျက်ရှိရာ ပြည်သူများက မဟာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက် ရှိကြောင်း သိရသည်။
(ပြန်/ဆက်)