သံဖြူဇရပ် ဧပြီ ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေ၌ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းမှစတင်၍ အပန်းဖြေ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါစက်စဲကမ်းခြေတွင် မဟာသင်္ကြန်ကာလရုံးပိတ်ရက်ရှည်ဖြစ်၍ သင်္ကြန်အကြိုနေ့မှစ၍ အနယ်နယ်အရပ်ရပ်မှ သင်္ကြန်ရေပက်ခံထွက်သူများနှင့် အပန်းဖြေရေကစားသူများ များပြားလျက်ရှိပြီး လာရောက်အပန်းဖြေရေကစားသူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေရေကစားနိုင်ရေး မြို့နယ်အတွင်းရှိတာဝန်ရှိသူများမှ လုံခြုံရေးများပူးပေါင်းဆောင်ရွက်ပေးထားပြီး ယနေ့နံနက်ပိုင်းမှစ၍ ကမ်းခြေတစ်လျှောက် အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)