Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်တွင်းတပ်နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ ပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 16,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းတပ်နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) ယမန်နေ့နံနက်ပိုင်းက တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိပြီး အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်) နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ
Apr 16,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်) နေ့ တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ
Apr 16,2024
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ရေသဘင်မဏ္ဍပ်အသီးသီးသို့ လိုက်လံကြည်ရှုအားပေး
Apr 16,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါလျက် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယမန်နေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ ရှပ်ရှင်ရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုနှင့် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေနေမှုများအားအား ကြည့်ရှုအားပေးကာ မုံရွာမြို့နေပြည်သူများနှင့် ရပ်ကွက်နေပြည်သူများ မိသားစုဝင်များ၊ ပြည်သူများနှင့် သင်္ကြန်ချစ်သူများ ပျော်ရွှင်စွာဖြင့် ရေကစားနေမှုများ ကြည့်ရှုအားပေးခဲ့ကြပြီး ရေသဘင်ပွဲတော်ပွဲတော်သို့ လာရောက်ကြသူများအား စတုဒီသာကျွေးမွေးဧည့်ခံခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဌာနအသီးသီမှ မဏ္ဍပ်များမှ ယိမ်းအလှ၊ အကအဖွဲ့များမှ သင်္ကြန်ပွဲတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများသောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း
Apr 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်နေပြည်သူများ နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်နှင့် အဆင်ပြေမှုရှိစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ စီစဉ်မှုဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို အမှတ်(၁၅၅)ရပ်ကွက်ရှိ ပြည်သူများထံသို့ ယနေ့နံနက်(၁၁)နာရီက သွားရောက်လှုဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အစိုးရအဖွဲ့ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး
Apr 16,2024
၁၃၈၅ ခုနှစ်၊ ချင်းပြည်နယ်မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ယနေ့နံနက် ၁၀ နာရီက ဟားခါးတပ်နယ် အားကစားကွင်း မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ စစ်ဗျူဟာ (ဟားခါးအခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ယှဉ်ပြိုင်နေမှုနှင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်ရေကစားမဏ္ဍပ်များ၌ တိုင်းရင်းသားပြည်သူများနှင့်အတူ မဟာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲ
Apr 16,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ယမန်နေ့ မဟာသင်္ကြန်အကြတ်နေ့တွင် ရေပက်ခံထွက်သူများ၊ မဏ္ဍပ်များတွင် ရေကစားကြသူများ၊ ယိမ်းအကအလှများဖြင့် ဧည့်ခံဖျော်ဖြေကြသူများ၊ စတုဒိသာဖြင့် တည်းခင်းဧည့်ခံကျွေးမွေးကြသူများဖြင့် အထူးပင် များပြားစည်ကားလျက်ရှိကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဘားအံမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ မဟာသင်္ကြန်ပွဲတော်ကို လှည့်လည်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာသင်္ကြန်အကြတ်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ မဟာသင်္ကြန်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ရေကစားသူများဖြင့် ယခင်နေ့များထက် ပျော်ရွှင်စည်ကားသိုက်မြိုက…
Apr 16,2024
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြတ်နေ့၌ ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် ရေကစားသူများ၊ လည်ပတ်သူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေသဘင်မဏ္ဍပ်များသို့ သွားရောက်ပြီး သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9117
Page
9118
Page
9119
Page
9120
Current page
9121
Page
9122
Page
9123
Page
9124
Page
9125
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department