လှည်းကူး ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
အလားတူ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုရှိ ငမိုးရိပ်လက်ယာမြောင်းတွင် မဟာသင်္ကြန်အကြတ်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားသူများ၊ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)