Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကျင်းပ
Apr 17,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မြန့်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ တော်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီက အမှတ်(၈) ရပ်ကွက် ခရိုင်ခန်းမရှေ့ ဗဟိုမဏ္ဍပ် တွင် ကျင်းပခဲ့ရာ ခရိုင် /မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ယိမ်းအဖွဲ့(၁၁)ဖွဲ့၊ ရေကစားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနား ကျင်းပ
Apr 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပန်းခြံထောင့်တွင် ပြုလုပ်ထားသော ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ကို ပျော်ရွင်စွာဆင်နွဲပြီး ရေကစားမဏ္ဍပ်အား စည်ကားသိုက်မြိုက်စွာ ပိတ်သိမ်း
Apr 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အတက်နေ့)ကို နံနက် ၉ နာရီအချိန်မှစတင်၍ ပုဇွန်တောင်မိသားစု ရိုးရာရေကစားမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ Dancer ကပြဖျော်ဖြေမှုများ၊ တေးသီချင်းများအပြင် DJ အတီးအကအလှများဖြင့် မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲပြီး ရေကစားမဏ္ဍပ်ကို ညနေ ၆ နာရီတွင် စည်ကားသိုက်မြိုက်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ
Apr 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အတက်နေ့ ညနေ ၅ နာရီက ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ (၁၃၈၅)ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ပိတ်ပွဲအခမ်းအနား ကျင်းပ
Apr 17,2024
(၁၃၈၅) ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃)ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါမဏ္ဍပ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ
Apr 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ခရစ်နှစ် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ပိတ်ပွဲကို ယနေ့ညနေ ၆ နာရီက အမှတ် (၃၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ မဝတလမ်းဆုံအနီးရှိ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ
Apr 17,2024
စစ်ကိုင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ(၁၆) ရက်၊ ညနေ (၅) နာရီက ဧရာဝတီကမ်းနားလမ်း (ဆက်သွယ်ရေးတာဝါတိုင်အနီး) မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်
Apr 17,2024
၁၃၈၅ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် အတာရေသဘင်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့၌ သင်္ကြန်ချစ်သူပြည်သူများ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ရာ ယနေ့မဟာသင်္ကြန်အတက်နေ့တွင် နံနက်ပိုင်းမှ ညနေပိုင်းအထိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် Royal Apex မဏ္ဍပ်တို့တွင် ယိမ်းအဖွဲများ၏ အကအလှများ၊ တိုင်းရင်းသားရိုးရာ ယဥ်ကျေးမှုအကအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက မြူးကြွသောတေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ မဟာသင်္ကြန်နောက်ဆုံးရက် အတာရေသဘင်ဆင်နွှဲကြသူ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9107
Page
9108
Page
9109
Page
9110
Current page
9111
Page
9112
Page
9113
Page
9114
Page
9115
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department