ပုဇွန်တောင် ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အတက်နေ့)ကို နံနက် ၉ နာရီအချိန်မှစတင်၍ ပုဇွန်တောင်မိသားစု ရိုးရာရေကစားမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ Dancer ကပြဖျော်ဖြေမှုများ၊ တေးသီချင်းများအပြင် DJ အတီးအကအလှများဖြင့် မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကို ပျော်ရွှင်စွာ ဆက်လက် ဆင်နွှဲပြီး ရေကစားမဏ္ဍပ်ကို ညနေ ၆ နာရီတွင် စည်ကားသိုက်မြိုက်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပုဇွန်တောင်မိသားစု ရိုးရာရေကစား မဏ္ဍပ်ကို ညနေ ၆ နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်မှ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကိုကြိုဆိုသည့် ဆုမွန်တောင်းစကားပြောကြားပြီး မန်းတောင် ရိပ်ခိုတေးသီချင်းဖြင့် ပုဇွန်တောင်မြို့နယ် မိသားစုမှ သမီးပျိုလေးများက ကပြဖျော်ဖြေကာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပုဇွန်တောင်မိသားစု ရိုးရာရေကစားမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ပျော်ရွှင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပုဇွန်တောင်မိသားစု ရိုးရာရေကစားမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှစတင်၍ ယိမ်းအဖွဲ့များက ယိမ်းအကအလှဖြင့် ဖျော်ဖြေခြင်း၊ MRTV-4 မှ အနုပညာရှင်များမှလာရောက်ဖျော်ဖြေခြင်း၊ Dancer အဖွဲ့ ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊ DJ အတီးအကအလှများဖြင့် ဖျော်ဖြေမှု များနှင့်အတူ မဟာသင်္ကြန်အတာရေကစားခြင်း၊ စတုဒိတာများ ဧည့်ခံကျွေးမွေးခြင်းများဖြင့် မြန်မာ့ နှစ်သစ်ကူးသင်္ကြန်ကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ တစ်နေ့ထက် တစ်နေ့ ပိုမိုစည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်