အမြို့မြို့အနယ်နယ်သတင်းများ

Apr 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်း​များအား ပင်စာလစာများ စတင်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၉)နာရီက ရေဖြူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၇) နာရီ အချိန်ခန့်က စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိ‌ကြောင်း သိရသည်။
Apr 23,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကပ်ကျေးအင်းကျေးရွာအုပ်စု ကန်စွယ်ကျေးရွာ၌ ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သောက်သုံးရေ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Apr 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲက ပြုလုပ်ခဲ့ကြသည်။
Apr 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများသုံးသပ်ဆွေးနွေးပွဲနှင့် မြစိမ်းရောင်စီမံကိန်းစံပြကျေးရွာဆုပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Apr 23,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Apr 23,2024
မွန်ပြည်နယ် ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဧပြီလ (၂၁) ရက်‌နေ့မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇ နာရီမှ မွန်းလွဲ (၂) နာရီထိ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။