သဲကုန်း ဧပြီ ၁၇
(၁၃၈၅) ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃)ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါမဏ္ဍပ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်ပိတ်ပွဲအခမ်းအနားတွင် ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သဲကုန်းမြို့နယ်အတွင်းရှိ ဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက နှစ်သစ်ကူးနှုတ်ခွန်းဆက်ဆုတောင်းစကားပြောကြား၍ သီဆိုဖျော်ဖြေခဲ့ကြသော ယိမ်းအဖွဲ့များအား တာဝန်ရှိသူများက ဆုတော်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သဲကုန်းမြို့နယ်၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယိမ်းအဖွဲ့များက နှုတ်ခွန်းဆက်သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)