မိုင်းတုံ ဧပြီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပန်းခြံထောင့်တွင် ပြုလုပ်ထားသော ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ပထမဦးစွာ ယိမ်းအဖွဲ့များမှ အလှည့်ကြ ကပြဖျော်ဖြေပေးခဲ့သည်။ ဆက်လက်၍ ခရိုင်/မြို့နယ်စုပေါင်းကော်မတီမှ (၁၀)ဦးနှင့် အထက်ယိမ်းတစ်ဖွဲ့ကို (၁၀၀၀၀ဝိ/-) ကျပ်၊ (၉)ဦးနှင့် အောက်ယိမ်းတစ်ဖွဲ့ကို (၇၀၀၀ဝိ/-) ကျပ်၊ (၁၈)ဦးယိမ်းတစ်ဖွဲ့ကို (၂၀၀၀၀ဝိ/-) ကျပ်(၅)ဦးနှင့် အောက်ယိမ်းတစ်ဖွဲ့ကို (၅၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ဂုဏ်ပြုလက်ဆောင်ကို ယိမ်းအဖွဲ့ (၂၀) ယိမ်းစုစုပေါင်း (၁၈၀၀၀၀ဝိ/-)ကျပ်နှင့် ဦးအိုက်ဆန်းမှ ယိမ်းတစ်ဖွဲ့ကို(၅၀၀၀ဝိ/-) နှုန်းဖြင့် (၁၀၀၀၀၀ဝိ/-)ကျပ်၊ ဦးစိုင်းဘောဂမှ ယိမ်းတစ်ဖွဲ့ကို(၁၀၀၀ဝိ/-) နှုန်းဖြင့် အဖွဲ့(၂၀) ဖွဲ့ (၂၀၀၀၀ဝိ/-)ကျပ်နှင့် ဒေါ်ချိုမာမှ ယိမ်းတစ်ဖွဲ့ကို (၁၀၀၀ဝိ/-)နှုန်းဖြင့် အဖွဲ့(၁၃) ဖွဲ့ (၁၃၀၀၀ဝိ/-)ကျပ်တိတိကို မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်မှလည်းကောင်း၊ ခရိုင်ရဲမှူးဒုတိယရဲမှူးကြီးဝင်းမြင့်ထွန်းကလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာဉက္ကဋ္ဌ ဒေါနီနီးထွန်ကလည်းကောင်း၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်နီလာစိုးနှင့် ဒေါ်သန်းသန်းဝေကလည်းကောင်း၊ ကျန်းမာရေးဌာနဆိုင်ရာအကြီးအကဲများမှလည်းကောင်း၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အသီးသီးချီးမြှင့်ရာ သက်ဆိုင်ရာယိမ်းအဖွဲ့များက လက်ခံရယူပြီးနောက် "မြနန္ဒာ"သီချင်းဖြင့် သံပြိုင်ကပြဖျော်ဖြေပြီး ယိမ်းအဖွဲ့များနှင့် မှတ်တမ်းဓာတ်ပုံများရိုက်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဗဟိုမဏ္ဍပ်ကို ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)