စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်း ဧပြီ ၁၇

စစ်ကိုင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ(၁၆) ရက်၊ ညနေ (၅) နာရီက ဧရာဝတီကမ်းနားလမ်း (ဆက်သွယ်ရေးတာဝါတိုင်အနီး) မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ယခုဆိုလျှင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး နှစ်သစ်ကူးမဟာသင်္ကြန်ရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပြီးဖြစ်ပါတယ် မြန်မာတို့ရဲ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ဟာ အထိမ်းအမှတ်ပွဲတော် သက်သက် မဟုတ်ဘဲ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အကုသိုလ်အညစ်အကြေးများကို ဆေးကြောခြင်း၊ သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့ခြင်း၊ ဥပုဒ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း စသည့်အဓိပ္ပါယ်ရှိရှိ ကျင်းပတဲ့ပွဲတော်ကြီးဖြစ်ကြောင်း၊ နိုင်ငံသူ/ နိုင်ငံသားအားလုံး နှစ်သစ်မှာ စိတ်သစ်လူသစ် ဘဝသစ်များနဲ့ ပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေ မိမိတို့ရဲ့လုပ်ငန်းများ အေးချမ်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းများဖြင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက စစ်ကိုင်းမြို့မဟာသင်္ကြန်အောင်မြင်စွာကျင်းနိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးခဲ့ကြသူများ၊ နေ့စဉ်ဖျော်ဖြေပေးခဲ့ကြသည့် အနုပညာရှင်များ၊ ယိမ်းအကအဖွဲ့များ၊ အကနည်းပြဆရာ/ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်