အမြို့မြို့အနယ်နယ်သတင်းများ

Apr 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မှော်ဘီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Apr 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန် တောင်သူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စပါးအထွက်နှုန်းတိုးတက်စေရေး တောင်သူအသိပညာပေးလုပ်ငန်းများနှင့် စပါးမျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများ စံကွက်ရိတ်သိမ်းပွဲကို ကျောက်တန်းမြို့နယ် ညောင်၀ိုင်းကျေးရွာ၊ တောင်သူဦးစန်းလင်း၏ စိုက်ဧက- ၁၀ ဧက စံပြစိုက်ခင်း၌ ကျင်းပပြုလုပ်သည်။
Apr 23,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် ရန်အောင်မြင်ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့​သည်။
Apr 23,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဘယက်ကျေးရွာတွင် တောင်သူဦးစံသိန်း၏ လယ်မြေ၌ စပါးမျိုးစေ့ချကိရိယာ (SEEDER) ဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယနေ့နံနက်တွင် အဆိုပါလယ်မြေ၌ ကျင်းပသည်။
Apr 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ် အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်စုပေါင်းရုံးတွင် နံနက် ၉ နာရီမှ စတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရ သည်။
Apr 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော နှစ်ပတ်လည် နန်းယီဆိုင်ကော် ရေစက်ချတရားပွဲကို နန်းယီဆိုင်ကော်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က (၄၅)ကြိမ်မြောက် နန်းယီဆိုင်ကော်ရေစက်ချတရားပွဲ ကျင်းပခဲ့သည်။
Apr 23,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ လှပစေရန်အတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦး ဆောင်ကြီးကြပ်မှုဖြင့်အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
Apr 23,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အုတ်တွင်းမြို့နယ် အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။