အမြို့မြို့အနယ်နယ်သတင်းများ

Apr 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ ၂၀၂၄ ခုနှစ်(၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မုံရွာမြို့ကန်သာယာတွင် ကျင်းပပြုလုပ်လျက်ရှိရာ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်ပွဲ‌တော် အတက်နေ့တွင် ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော် သရုပ်ဆောင်အဆိုတော်များဖြစ်ကြသော ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ နေအောင်တို့ အပါအဝင် အဆိုတော်များ အကယ်ဒမီရွှေကြိုလေးများက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေလျက်ရှိရာ ရေကစားလာသူများဖြင့် စည်ကားလျက်ရှိ ပြီး သင်္ကြန်ပွဲတော်တွင် စတုဒိသာကျွေးမွေးဧည့်ခံသူများ၊ ယိမ်းအကဖျော်ဖြေကြသူများ၊ ရေကစားလာသူများဖြင့် စည်ကားလျက်ရှိ‌ကြောင်း သိရသည်။
Apr 17,2024
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ် ပြုလုပ်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 17,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ဧပြီလ(၁၆)ရက် မဟာသင်္ကြန်အတက်နေ့တွင် ဘုန်းတော်ကြီးကျောင်းတက် ဥပုသ်သီလဆောက်တည်သူများနှင့် ကောင်းမှုကုသိုပြုသူများ စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီတော်မြတ်ကြီး၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က နေမိန္တရကုန်းတော် အောင်တော်မူစေတီတော် လှိုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ခိုကဲကျေးရွာ၌ ၁၃၈၅ ခုနှစ် မိုင်းယောင်းခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို သင်္ကြန်အတက်နေ့ ယမန်နေ့ညနေ ၃ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် မြို့မိမြို့ဖ ဦးစိုင်းအောင်ခမ်းတို့က နှစ်သစ်ကူးနှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြားကြပြီး ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကာ သင်္ကြန်ရေများ ပက်ဖျန်းခဲ့ကြသည်။
Apr 16,2024
၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အတက်နေ့ဖျော်ဖြေရေးအစီအစဉ်များကို ယနေ့နံနက် ၉ နာရီခွဲက  ဟားခါးတပ်နယ် အားကစားကွင်း မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ စစ်ဗျူဟာ (ဟားခါးအခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။         
Apr 16,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ယနေ့တွင် မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ‌ကြောင်း သိရသည်။
Apr 16,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်အကျနေ့တွင် ဗဟိုမဏ္ဍပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေကစားမဏ္ဍပ်သို့သွားရောက်၍ ပြည်သူများ အေးချမ်းပျော်ရွှင် စာရေကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။