ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန် ဧပြီ ၁၇

၁၃၈၅ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် အတာရေသဘင်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့၌ သင်္ကြန်ချစ်သူပြည်သူများ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ရာ ယနေ့မဟာသင်္ကြန်အတက်နေ့တွင် နံနက်ပိုင်းမှ ညနေပိုင်းအထိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် Royal Apex မဏ္ဍပ်တို့တွင် ယိမ်းအဖွဲများ၏ အကအလှများ၊ တိုင်းရင်းသားရိုးရာ ယဥ်ကျေးမှုအကအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက မြူးကြွသောတေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ မဟာသင်္ကြန်နောက်ဆုံးရက် အတာရေသဘင်ဆင်နွှဲကြသူ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။

ညနေ၆နာရီတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲ တော်၊ Royal Apex မဏ္ဍပ်ပိတ်ပွဲအခမ်းအနားများ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့တော်၀န် ဦးဗိုလ်ဌေးနှင့် ဇနီးနှင့် တ၀န်ရှိသူများ၊ ယိမ်းအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးတို့မှ တာ၀န်ရှိသူများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပိတ်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး၀န်ကြီးချုပ်က ၁၃၈၅ခုနှစ်မှ ၁၃၈၆ခုနှစ် နှစ်ဆန်းသို့ ရောက်ရှိတော့မည့် တစ်နှစ်တာကုန်ဆုံးသော နောက်ဆုံးရက်အတာနှစ်ကူးရက်မြတ်လည်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိဘပြည်သူ၊ မြို့တော်သူ၊ မြို့တော်သားများအားလုံး နှလုံးစိတ်၀မ်းအေးချမ်းပြီး ရွှင်လန်းပျော်ရွှင်နိုင်ကြပါစေကြောင်း အစစအရာရာ အန္တရာယ်ကင်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ မြို့တော်ရန်ကုန်အပါအ၀င် တစ်နိုင်ငံလုံး မြန်မာတို့၏ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကြီးကို မြန်မာ့ရိုးရာဓလေ့များဖြစ်ကြသည့် ဧည့်၀တ်ကျေပွန်မှု၊ သည်းခံခွင့်လွှတ်မှု၊ ပျော်ရွှင် ရယ်မောနိုင်မှု၊ ကျေးဇူးတရားသိတက်မှုများနှင့်တကွ ဘာသာတရားအဆုံးအမများအတိုင်း ကုသိုလ်၊ ဒါန၊ သီလစောင့်ထိန်းခြင်း ယဥ်ကျေးမှုလက္ခဏာများကို အေးချမ်းသော နိမတ်၊ ပျော်ရွှင်သောစိတ်များဖြင့် ဖြတ်သန်းနိုင်ခဲ့ကြပြီးဖြစ်ပါကြောင်း၊ မကောင်းသောနိမိတ်နှင့်  အညစ်အကြေးများကို သင်္ကြန်ရေနှင့် ဆေးကြောကာ ထားရစ်နိုင်ခဲ့ကြပြီလည်းဖြစ်ပါကြောင်း၊ မြို့တော်နေမိဘပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်ကြသည့် ရန်ကုန်မြို့သောက်သုံးရေဖူလုံရေး၊ မြို့တွင်း၊ မြို့ပြင်လမ်းပန်းဆက်သွယ်ရေးအဆင်ပြေကာပိုမို အဆင့်မြှင့်တင်နိုင်ရေး၊လျှပ်စစ်မီး လုံလောက်နိုင်သမျှ လုံလောက်စေရေး၊ စီးပွားရေး၊ပညာရေး

ကျန်းမာရေးတို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ “တည်ဆောက်ရင်းထိန်းသိမ်း၊ ထိန်းသိမ်းရင်းစည်းရုံး၊ စည်းရုံးရင်းရှေ့ဆက်ဆိုတဲ့သဘောတရားများကိုအမြဲမပြတ်လက်တွေ့ကွင်းဆင်းဆောင်ရွက်နေပါ

ကြောင်းကိုလည်းအသိပေးပြောကြားလိုပါကြောင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမိဘပြည်သူများ၊ မြို့တော်သူမြို့တော်သား အားလုံးချမ်းမြေ့ကြပါစေ၊ပျော်ရွှင်အေးချမ်းကြပါစေ၊ကောင်းကျိုးဝေဖြာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ ကိုယ်ပိုင်အမျိုးသာရေးလက္ခဏာများကို ကောင်းစွာစောင့်ရှောက်ထိန်းသိမ်းနိုင်သောမျိုးဆက်သစ်များဖြစ်ထွန်းပေါ်ပေါက်လာစေရန်ကိုလည်း မိဘပြည်သူများ၏ နွေးထွေးသော ဝိုင်းဝန်းလုပ်ဆောင်မှုများနှင့်အတူ အစွမ်းကုန်ကြိုးစားဆောင်ရွက်မည်ဖြင့်ကြောင်းနှင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ပြောကြား၍ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်အား ပိတ်သိမ်းလိုက်ပြီးတေးသံရှင် ရဲထိုက်ကမန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ထိုနောက်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊တိုင်းဒေသကြီး ၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့က တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့၊ ယိမ်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိကြသူများအားအသီးသီးဆုများပေးအပ်ချီးမြှင်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)