တန့်ယန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

တန့်ယန်း ဧပြီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အတက်နေ့ ညနေ ၅ နာရီက ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ၁၃၈၆-ခုနှစ် နှစ်သစ်အကြို မင်္ဂလာနှုတ်ခွန်းဆက်စကားကို ပြောကြားပြီး အတာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ပိတ်သိမ်းကြောင်းကို ကြေညာကာ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်များမှ ယိမ်းအဖွဲ့များနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်အား “မန်းတောင်ရိပ်ခို” သီချင်းဖြင့် သီဆိုကပြ၍ ပိတ်ပွဲအခမ်းအနားကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရသည်။          

မင်းလွင်ဦး(တန့်ယန်း)