အမြို့မြို့အနယ်နယ်သတင်းများ

Apr 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်မာ့ရိုးရာယဉ် ကျေးမှုနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုစွာကျင်းပပြုလုပ်သည်။
Apr 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုရေသဘင် မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ အာဇာနည်ပန်းခြံလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
Apr 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၅ ခုနှစ်မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပျော်ရွှင် အေးချမ်းစွာ ရေပက်ကစားလျက်ရှိခြင်းနှင့် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Apr 17,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် သင်္ကြန်ယိမ်းအကများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ရန်ကုန်-ပြည်ကားလမ်း လွတ်လပ်ရေးကျောက်တိုင်ကွင်း ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 17,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မဟာသင်္ကြန်ပွဲတော် အတက်နေ့ နံနက်ပိုင်းတွင် ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သည့် ကန်သာယာကန်ဝန်းကျင်ရှိ ဗဟိုမဏ္ဍပ်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များနှင့် ရေကစားလာရောက်ကြသည့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့နေ ရပ်ကွက်နေပြည်သူများနှင့်အတူ နံနက်စာ အတူတကွ သုံးဆောင်ခဲ့ကြပြီး တာဝန်ရှိသူများအတူ အတာရေများပတ်ဖျန်းကြသည်။
Apr 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ဟိုက်ပုကျေးရွာတွင် တည်ရှိသည့် ဟိုက်ပုရေတံခွန်တွင် သင်္ကြန်ကာလ အကြိုနေ့မှစ၍ အတက်နေ့အထိ လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။
Apr 17,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟို မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက သာစည်မြို့စည်ပင်သာယာ ပန်းခြံရှေ့ မိတ္ထီလာ-တောင်ကြီး ကားလမ်းဘေးရှိ “ရွှေသာစည်” ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Apr 17,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းနှုတ်ဆက်၍ ၁၃၈၆ ခုနှစ် နှစ်သစ်ကို ကြိုဆိုသည့် မဟာသင်္ကြန်ပွဲတော် အခါ သမယတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူပျော်ရွှင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့) ဧပြီ ၁၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ချစ်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။