အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနသည် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် အရိပ်ရပျိုးပင်ပေါင်း (၃၅၀၀၀)ကို ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးဖြန့်ဖြူးပေးနိုင်ရန် ပျိုးပင်များကို တာပသွန်(အမြဲတမ်း) ပျိုးဥယျာဥ်ခြံ၌ ပျိုးထောင်ထားရှိသည်။
Apr 25,2024
ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်မှ စီးပွားရေးဦးတည်ချက် (၂) (က) တွင်“စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတက်အောင်တည်ဆောက်ရေး” ဟူသည့်အချက်ကို ထည်သွင်း ဖော်ပြထားပါသည်။
Apr 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ် ၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် (၁၂)နာရီက ကျင်းပခဲ့ သည်။
Apr 25,2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 25,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဧပြီ(၁၈)ရက်၊ ညနေ(၄)နာရီကျော်အချိန်ခန့်က လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် ဇလဲကျေးရွာမှ လူနေအိမ်(၄)လုံးပြိုကျပျက်စီးခဲ့ရာ အဆိုပါပျက်စီးခဲ့သည့် လူနေအိမ်များပြန်လည်ပြုပြင်  တည်ဆောက်နိုင်ရေးအတွက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲ(၂)နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Apr 25,2024
 မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ စကောစုရပ်၊ ၇၈ လမ်း (ရန်ကုန်-မန္တလေး)လမ်းဘေးရှိ ဒေါ်ချိုချိုဦး၏ Mobile World ဖုန်း(second)အရောင်းဆိုင်မှ ယနေ့နံနက်(၂)နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွား‌ကြောင်း သိရသည်။
Apr 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းရာကောင်းကျိုးကိုလားသည့် ပြည်သူ့စစ်များအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းကျောင်း၌ပြည်သူ့ စစ်များအားရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းသိရသည်။
Apr 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်)ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ဖွင့်ပွဲအခမ်းအနားဖြင့် ဖွင့်လှစ်၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။