အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2024
ချောက်ခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Apr 25,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီအခြေခံကွန်ပျူတာ သင်တန်းကို ယမန်နေ့နံနက် (၉) နာရီမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်(နောင်သင်္ခါ) အခြေခံပညာအလယ်တန်းကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
Apr 25,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ချမ်းအေးသာစံမြို့နယ်ရှိ လူရည်ချွန်စခန်းစုရပ်(မန္တလေး)(အမှတ်-၁၆၊ အခြေခံပညာအထက်တန်းကျောင်း)မှ နေပြည်တော်သို့ မော်တော် ယာဉ်များဖြင့်ထွက်ခွာသည့် ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သွားရောက် တွေ့ဆုံ၍ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။
Apr 25,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Apr 25,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရဟန်းသံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသားများ၊ ယာယီနေရပ်စွန့်ခွာသူများ အသုံးပြုနိုင်ရန် ဆွမ်းဆန်၊ ဆီ၊ ဟင်းချက်စရာများကို ယမန်နေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
Apr 25,2024
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူ ပြည် သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက်မြို့မဈေးကြီးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား)အသားများအားသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ နံ နက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Apr 25,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုး၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ နတ်တလင်းခရိုင်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။