ကော့သောင်း ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်)ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ဖွင့်ပွဲအခမ်းအနားဖြင့် ဖွင့်လှစ်၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်)ဆင့်ပွားသင်တန်းကို ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှသင်တန်း သားဆရာ/မ (၂၀) ဦး တက်ရောက်ခဲ့ကြ၍ ဧပြီလ(၂၄) ရက်မှ(၂၅)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်ခန်းစာများကို သင်တန်းနည်းပြ(၁)ဦးမှ ဆွေးနွေးပို့ချလျက်ရှိပြီး ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စာသင်သား(၃၀၀)ဦးအား စာသင်ဝိုင်း၂၀ ဝိုင်းဖြင့် ဆက်လက်သင်ကြားပို့ချနိုင်ရေးအတွက် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် အခြေခံစာတတ်မြောက်ရေးကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြများက ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)