ပြည်ကြီးတံခွန်မြို့နယ်ရှိ Mobile World ဖုန်း‌ဆိုင် မီးလောင်မှုဖြစ်ပွား

ပြည်ကြီးတံခွန် ဧပြီ ၂၄

 မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ စကောစုရပ်၊ ၇၈ လမ်း (ရန်ကုန်-မန္တလေး)လမ်းဘေးရှိ ဒေါ်ချိုချိုဦး၏ Mobile World ဖုန်း(second)အရောင်းဆိုင်မှ ယနေ့နံနက်(၂)နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွား‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အင်ဗာတာအပူလွန်ကဲရာမှ ဖုန်းအပိုပစ္စည်းများပေါ်သို့ မီးပွားကျ၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊သွပ်ပြားကာ အုတ်အခမ်း မြေစိုက် (၁)ထပ်၊ Suzuki Carry ကား(၁)စီးနှင့် တရုတ်ဆိုင်ကယ်(၂)စီး ဆုံးရှုံးကြောင်း သိရသည်။

မီးလောင်ရာသို့ မြို့နယ်စီမံအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)