အမြို့မြို့အနယ်နယ်သတင်းများ

May 01,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူများ ဝင်ရောက်နေထိုင်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်အတွက် တပ်မတော်မှ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ရပြီး ယခုအခါ ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်းပြန်လည်ဝင်ရောက်နေထိုင် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပေးခဲ့သည်။
May 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ ပေချောင်းလေးကျေးရွာမှ ကိုယ်ဝန်ဆောင် အသက်(၂၆)နှစ်အရွယ် မဇာခြည်ထွေးသည် ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ သုံးမွှာပူးမွေးဖွားခဲ့သဖြင့် ယမန်နေ့ ညနေ(၄)နာရီအချိန်၌ ၎င်းမွေးဖွားရာ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြသည်။
May 01,2024
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ရာသီဥတုမျှတ ကောင်းမွန်စေရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်တို့အတွက် မိုးရာသီပြည်သူ လူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန် မုံရွာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး၊ မြို့မပျိုး =ဥယျာဥ်တွင် ပျိုးပင်ပေါင်း (၇၃၅၃၃)ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
May 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ အပန်း​ဖြေလေ့လာရေးခရီး ရောက်ရှိနေကြသော ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များသည် ယမန်နေ့ နံနက်ပိုင်းက ငွေဆောင်မြို့ အနီးပတ်ဝန်းကျင်ဒေသများနှင့် ချောင်းသာ၊ ရွှေသောင်ယံမြို့များသို့ လေ့လာရေးခရီးစဥ် သွားရောက်ခဲ့ကြောင်း သိရသည်။
May 01,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ​မြို့နယ်သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဥ်တွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်းသိရသည်။
May 01,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
May 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ သာသနာဝိပုလဓါတ်တော်ပရိယတ္တိစာသင်တိုက်တွင် မတ်လ ၁၆ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိဖွင့်လှစ်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာဖြေပွဲတော်စနစ်သစ် ပညာရေး နွေရာသီ(၄၅)ရက်၊ အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ (၄)နာရီက အဆိုပါကျောင်းတိုက် ဓမ္မာရုံတွင်ကျင်းပခဲ့သည်။
May 01,2024
မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ရေးတွင် အထောက်အကူပြုစေရန်၊ ဒေသအလိုက်ရွက်ပုန်းသီး၊ ထူးချွန်အားကစားသမားများ ပိုမိုပေါ်ထွက်လာစေရန်၊ မြန်မာ့အားကစား အောင်မြင်မှုများတွင် ဒေသအသီးသီးမှ တိုင်းရင်းသားများအားလုံး ပါဝင်နိုင်စေရန်နှင့် ဒေသအလိုက် အားကစားလုပ်ငန်းများ ဖွံ့ဖြိုးပြီး တိုင်းရင်းသားပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန်တို့ ရည်ရွယ်ချက်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကာသိပ္ပံ (မုံရွာ)၌ ခရိုင်အတွင်းရှိ စိတ်ပါဝင်စားသည့် အားကစားသမား သင်တန်းသား/သူရွေးချယ်ပွဲကို ယမန်နေ့ နံနက် (၇) နာရီက မုံရွာမြို့ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။