တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပြည်သူ့စစ်များအားရင်းရင်းနှီးနှီးတွေ့ဆုံ

ထားဝယ်  ဧပြီ   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းရာကောင်းကျိုးကိုလားသည့် ပြည်သူ့စစ်များအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းကျောင်း၌ပြည်သူ့စစ်များအားရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူ့စစ်များလက်နက်ငယ် (၅)မျိုး ကျွမ်းကျင်စွာ ဖြုတ်/တပ်နေမှုအား ကြည့်ရှုအားပေးပြီးနေရာထိုင်ခင်း၊ အစားအသောက်၊ ရေမီးလုံလောက်စွာရရှိရေးအတွက် တာဝန်ရှိသူများအားမှာကြားကာ ထောက်ပံ့ငွေကျပ်(၅)သိန်းအားပေးအပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်များတွင်အကြမ်းဖက်အဖွဲ့အစည်းများက ပြည်သူများအား အကြောင်းမဲ့စွာလုပ်ကြံ သတ်ဖြတ်ဖမ်းဆီးနေသည်အတွက် ပြည်သူ့စစ်များက တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် မိမိသဘောဆန္ဒအလျောက် တာဝန်ထမ်းဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)